အပိုင်း(၁) ဖတ်ရန် >>>
အပိုင်း(၂) ဖတ်ရန် >>>
အပိုင်း(၃) ဖတ်ရန် >>>
အပိုင်း(၄) ဖတ်ရန် >>>
အပိုင်း(၅) ဖတ်ရန် >>>
အပိုင်း(၆) ဖတ်ရန် >>>
~ ~ ~ ~ ~ ~
ဒါပေါ့ သူ ကျွန်မကိုမချစ်နိုင်ပါဘူး။ သူ့ကိုနာကျင်နိုင်မယ့် ဒီကျိန်စာကို ကျွန်မပြောခဲ့တာပဲ။ ဒါတွေအားလုံးဟာလည်း သူကောင်းဖို့ အတွက်ပဲ။ ဒါပေမယ့် သူကျွန်မကိုမကြိုက်ဘဲနဲ့ ဘာလို့ဒီလိုတွေလိုက်လုပ်ပေးနေသေးတာလဲ။ သူသိသမျှမိန်းကလေးတိုင်းကို အဲလိုပဲ သူလုပ်ပေးခဲ့တာလား။ ပြီးတော့ ဒီလိုပဲ မကြိုက်ဘူးလို့ပြောခဲ့တာလား။ သူဟာ ဒီလိုလူစားမျိုးပဲဖြစ်ရမယ်။ သူ့ရှေ့မှာ ကောင်မလေးတွေငိုတာကို မြင်ချင်တဲ့ လူယုတ်မာမျိုးပေါ့။
သူ့ ကို အရိုးထဲထိအောင်မုန်းတယ်။
ငိုထားတဲ့မျက်လုံးတွေနဲ့ ကျွန်မအိမ်ကိုပြန်ရောက်လာတယ်။ လန်ဒီက မဂ္ဂဇင်းတစ်အုပ်ဖတ်နေရင်း ကျွန်မကိုစောင့်နေတယ်။ ကျွန်မကိုတွေ့တော့ ကျွန်မတစ်ခုခုဖြစ်လာခဲ့ပြီဆိုတာ လန်ဒီသိတယ်။ ဖြစ်ခဲ့တာတွေအားလုံးကို ကျွန်မပြောပြလိုက်တယ်။
“သူ အခွင့်ကောင်းယူတာပဲ” ကျွန်မပြောပြတာတွေကို လန်ဒီမှတ်ချက်ချလိုက်တယ်။ “ဟုတ်တယ် အခွင့်ကောင်းယူတာ” ကျွန်မခေါင်းကိုငြိမ့်ပြရင်း စကားပြန်ထောက်လိုက်တယ်။
“ဒါပေမယ့် သူက နင့်အပေါ် အရမ်းကောင်းနေပြန်တယ်မဟုတ်လား...။ စိတ်လှုပ်ရှားဖို့ ကောင်းလောက်အောင် အရမ်းကောင်းနေတယ်မဟုတ်လား”
“တော်တော့ ငါ သူ့ ကိုမုန်းတယ်။ မုန်းတယ်”
“မဟုတ်ပါဘူး... နင်သူ့ ကိုချစ်နေတာဂျိုနာ... တခြားတစ်ဖက်ကြည့်ရင် နင် သူ့ ကိုချစ်နေတာ”
လန်ဒီ့စကားက ကျွန်မကို အတွေးဂယက်ထဲဝဲနေမိစေပြန်တယ်။ ဂျက်ကီ ကျွန်မကိုမချစ်နိုင်ဘူးလို့ ပြောတုန်းက ကျွန်မအသည်းအသန်ငိုခဲ့တယ်။ အဲဒါ ကျွန်မ သူ့ ကိုကြိုက်နေလို့လား။ ကျွန်မအမေဆုံးပြီးကတည်းက ကျွန်မအဲဒီလောက်မငိုခဲ့ဘူး။
ကျွန်မရဲ့ ဟမ်းဖုန်းမြည်လာတယ်။ message တစ်ခု ရောက်လာတာ။ လန်ဒီ ကျွန်မကိုဖုန်း ကမ်းပေးရင်း “ဂျက်ကီပဲ ဖြစ်ရမယ်”။
message ကိုကျွန်မဖွင့်လိုက်တော့ အမှန်တကယ်ပဲ ဂျက်ကီ့ဆီကဖြစ်နေတယ်။
သူပို့လာတာက ... ငါစကားမှားသွားရင် တောင်းပန်ပါတယ်... ရက်ချိန်းထားတာတော့ နင်လာမယ်မဟုတ်လား တဲ့။
လန်ဒီ့ကိုအော်ဖတ်ပြလိုက်တော့ လန်ဒီက“လာမယ်လို့ ပြောလိုက်”။
လန်ဒီ့စကားကို ကျွန်မဂရုမစိုက်ဘဲ မလာဘူးလို့ ပြန်လိုက်တယ်။ “မသွားဘူး။ ဆက်လုပ်ချင်စိတ်မရှိတော့ဘူး။ ပြီးတော့ ဒီကောင်နဲ့ငါ အပြင်မထွက်ချင်ဘူး။” ။
“ဘုရားရေ... နင်က ဆရာဝန်နဲ့ချိန်းထားလို့ သွားတာလေ... ဂျက်ကီနဲ့ အပြင်ထွက်လည်တာမှမဟုတ်တာ။”
ကျွန်မရဲ့မျက်ရည်တွေကို ထိန်းထားနေရတုန်းပဲ။ ကျွန်မရဲ့ အကောင်းဆုံးသူငယ်ချင်းရှေ့မှာ ကျွန်မမငိုသင့်ဘူး။ အရင်ကကျွန်မဟာ စိတ်ဓါတ်ကြံ့ခိုင်ပြီး လွတ်လပ်တဲ့လူလေ။ ယောက်ျားတစ်ယောက်အတွက် ငိုမှာမဟုတ်ဘူး။
နောက်ထပ် message တစ်စောင်ထပ်ရောက်လာတယ်။
အဲဒီနေ့ငါလာကြိုမယ်နော်။
No လို့ ကျွန်မပြန်ပြောမိပြန်တယ်။ ဒီလိုလူနဲ့  ဒီလောက်ဆိုတော်ပါပြီ။ ကျွန်မကိုကူညီမလို့ တဲ့ဟုတ်လား။ သူကျောင်းမတက်ချင်လို့ လုပ်တာလဲဖြစ်နိုင်တာပဲမဟုတ်လား။ အကောင်စုတ်။
“ဟုတ်ပါပြီ။ စိတ်အေးအေးထားစမ်းပါ။ ကဲ ငါတို့ စကားနည်းနည်းပြောရအောင်။ နင် ဂျက်ကီ့ကို ချစ်နေတာ အရမ်းကိုသိသာနေပြီ ဂျိုနာ။ ဒါကိုဘာလို့ ဝန်မခံနိုင်ရတာလဲ။ ပြီးတော့ နင်သွားမယ်မသွားဘူးဆိုတာကို ဆုံးဖြတ်ဖို့ အချိန်တွေရှိပါသေးတယ်” လန်ဒီ ပြောနေပေမယ့်
ကျွန်မအာရုံမစိုက်ဘဲနေလိုက်တယ်။ ဖုန်းကိုပဲကြည့်နေလိုက်တယ်။ ဂျက်ကီဘာပြန်ပြောမလဲဆိုတာလည်း တွေးနေမိတယ်။
လန်ဒီ့စကားတွေကို ဖြည်းဖြည်းချင်း စဉ်းစားလိုက်တယ်။ သူပြောတာက ရှင်းနေတာပဲ။ သိပ်ကိုရှင်းနေတာပဲ။ ကျွန်မ ပြောမထွက်ရဲတာလဲ ဖြစ်နိုင်တာပဲလေ။
၁၅ မိနစ်လောက် မျက်ရည်တွေထိန်ပြီးတဲ့ နောက်တော့ ကျွန်မမျက်ရည်တစ်စက်ကျလာတယ်။ ချက်ချင်းသုတ်ပစ်လိုက်တယ်။ဒါကို လန်ဒီတွေ့ သွားတယ်။
“ငိုချလိုက် ဂျိုနာ။ ငိုချလိုက်” လို့ လန်ဒီပြောနေတုန်း..
နောက်ထပ် message တစ်ခုရောက်လာတယ်။
‘နင့်ကိုယ်နင်ပဲ ကယ်နိုင်မှာ။ ကဲပါ... သွားမယ်လို့ ပြန်ပြောပါ’
မသွားဘူးလို့ ပဲ ကျွန်မပြန်ပို့ လိုက်တယ်။
“သူ့ ကြောင့်ပဲ နင်အဲဒီ ဆေးခန်းကို သွားမယ်ဆိုတာ ငါသိနေတယ်”
“ငါမသွားပါဘူး” ကျွန်မခွန်းတုံ့ ပြန်လိုက်တယ်။
“ဒါဆို...” လန်ဒီနှုတ်ဖျားလေးနဲ့ စကားဖွဖွလေးပြောလိုက်တယ်။ “သူဒီလိုတွေပြောပြီးတော့မှ နင်ကဘာလို့ မသွားချင်တော့ဘူးဖြစ်ရတာလဲ”။ သူပြောတာ သဘာဝကျနေတယ်မဟုတ်လား။
နောက်ထပ် message တစ်စောင်ရောက်လာတယ်။ ‘နင့်အတွေးတွေကို တခြားကိုလွှတ်ထုတ်လိုက်ပါ...အဲဒါတစ်ခုတည်းသော ထွက်ပေါက်ပဲ’။ ကျွန်မကတော့ No လို့ ပဲပြန်ပြောမိတယ်။
လန်ဒီ့ကိုကြည့်လိုက်တဲ့အခါ ကျွန်မစကားလုံးတွေ ဆွံ့ အသွားတယ်။ လန်ဒီ့စကားတွေက ကျွန်မအတွက်တော့ အရှိုက်ထိနေတယ်။ ဂျက်ကီစာတစ်စောင်ပြန်ပို့ တယ်။ ‘နင့်ယုံကြည်ချက်တွေကို နည်းနည်းလျော့လိုက်ပါ...ငါနင့်ကို ကူညီပါရစေ’။
လန်ဒီ့ကို ဘာပြောရမှန်းကျွန်မ မသိတော့ဘူး။ ဂျက်ကီ့ကိုလည်း ဘာမှပြန်ပြောမနေတော့ဘူး။ ကျွန်မ လမ်းဆုံမှာရောက်နေပြီ။ ဘယ်လမ်းကို သွားရမယ်မှန်းမသိတော့ဘူး။ လန်ဒီက ကျွန်မတစ်ခုခုပြောလာဖို့ ကိုမျှော်လင့်ရင်း ငြိမ်ပြီးကြည့်နေတယ်။
‘နင် အဲဒီကိုသွားမှာ မဟုတ်လား’
‘နင်ပဲ...နင်ကိုယ်တိုင်ပဲ လုပ်နိုင်မှာ...’
‘အရေးအကြီးဆုံးက ကိုယ့်ကိုကိုယ် နားလည်ဖို့ ပဲ’
message တွေကိုကျွန်မ ဖတ်ကြည့်လိုက်တယ်။ ၅ မိနစ်လောက်အတွင်းမှာ message သုံးစောင် ပို့လိုက်တယ်။ ဂျက်ကီ ဘာတွေရေးပို့နေတယ်ဆိုတာ လန်ဒီသိပ်ကိုသိချင်နေတယ်။
ခြေနှစ်ချောင်းကို အသာယှက်ပြီး ကျွန်မရဲ့ ဒူးနှစ်ဖက်ကို လက်နဲ့ သိမ်းလိုက်ရင်း ကျွန်မငေါင်နေမိတယ်။ ဖုန်းကိုလည်း ဆိုဖာပေါ်ပစ်တင်လိုက်ပြီး ကျွန်မမျက်လုံးကိုမှိတ်ထားလိုက်တယ်။
တစ်နေ့တာ အတွင်းဖြစ်ပျက်ခဲ့တဲ့ စိတ်လှုပ်ရှားစရာတွေနဲ့  ကျွန်မရဲ့ စိတ်နှလုံး ရောက်ယက်ခတ်နေတယ်။
~ ~ ~ ~ ~ ~
ကျောင်းမှာ ဂျက်ကီ့ကိုရှောင်ဖို့ သိပ်ခက်တယ်။
နေရာတိုင်းမှာသူရှိနေတယ်။ သူ့ ကိုမကြည့်မိအောင် ကျွန်မကြိုစားခဲ့တယ်။ ဒါပေမယ့် မရနိုင်ဘူးဆိုတာလည်း ကျွန်မသိတယ်။ သူ့ တုံ့ပြန်မှုကိုလည်း ကြည့်ချင်တယ်။ သူစိတ်ဆိုးနေလား။ နောင်တရနေလား။ ပျော်နေမှာလား။ ဒါမှမဟုတ် ဘာမှမထူးခြားဘူးလား။
အမှန်က ဘာမှပြောင်းလဲမှုမရှိဘူး။ သူ့ ပုံစံအတိုင်း သူပြုံးနေတာပဲ။ ဆရာတွေအားလုံးကိုလည်း နှုတ်ဆက်နေသေးတာ။ ကျွန်မကိုရယ်အောင်လုပ်ဖို့ သူကြိုးစားပေမယ့် ကျွန်မ မရယ်ခဲ့ဘူး။ သူလည်း ဆက်မပြောတော့ဘူး။
နောက်ဆုံးတော့ တူတူစားနေကြ နေ့ လည်စာစားချိန်ရောက်လာတယ်။ စားစရာဝယ်လာပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေလိုက်တယ်။ သူကျွန်မနဲ့တူတူ လာစားဦးမှာလားလို့ တော့တွေးနေမိတယ်။
အတန်းဖော် ကောင်မလေးတစ်ယောက်ကျွန်မဘေးမှာ လာထိုင်တယ်။ ကျွန်မသူ့ကိုငေးကြည့်နေမိတယ်။ သူလည်းကျွန်မကိုငေးကြည့်နေတယ် နောက်တော့ သူထွက်သွားတယ်။
ဂျက်ကီက အအေးရောင်းတဲ့နေရာမှာ။ သူ..ကျွန်မအတွက် ဝယ်လာဦးမှာလား...။ သူ့ ကိုလိုက်ကြည့်မိနေတဲ့ ကျွန်မမျက်လုံးတွေကိုပဲ ရုတ်သိမ်းလိုက်တယ်။ အဲဒီနောက် ရင်းနှီးနေတဲ့ အသံတစ်သံ ကျွန်ကိုလှမ်းခေါ်တယ်။ “ဟေ့ ဒီမှာ နင့်အတွက် အအေး။”
ကျွန်မမော့ကြည့်လိုက်တဲ့အချိန်မှာ ဂျက်ကီ ကျွန်မနားကို ဝင်ထိုင်လိုက်တယ်။ ကျွန်မသူ့ ကိုငေးကြည့်နေမိပေမယ့် အံ့သြသွားတာမျိုးတော့မဟုတ်ခဲ့ဘူး။ သူပြုံးပြပြီး စားစရာရှိတာ ဆက်စားတယ်။ ကျွန်မလည်း တူတူပဲပေါ့။ မိနစ်အနည်းငယ်လောက်တော့ အူကြောင်ကြောင်ဖြစ်နေတယ်။
“လာမယ့် အင်္ဂါနေ့မနက် ငါလာခေါ်မယ်နော်။ ကျောင်းကိုခွင့်တင်ပြီးပြီ”
“ကောင်းပြီလေ”
ကောင်းပြီ ဟုတ်လား။ ကျွန်မဘာတွေတွေးနေခဲ့မိတာလဲ။ လန်ဒီရေ ငါ့ကို ကယ်ပါဦး။ ငါရူးနေပြီ လန်ဒီ။
“ဒီလိုကြားရက်မှာ ကျောင်းကနေမဟုတ်ဘဲ တခြားတနေရာကနေ မနက်နေထွက်တာကို မမြင်ရတာ တော်တော်ကြာနေပြီ။ ငါတော်တော်စိတ်လှုပ်ရှားတယ်”
ကျွန်ခေါင်းညိမ့်ပြလိုက်တယ်။ ကျွန်မရူးများနေပြီလားမသိဘူး။ စားပွဲခုံကို မှောက်ချလိုက်ပြီး သူ့ မျက်နှာကို ခပ်ပြင်းပြင်းရိုက်ချင်စိတ်တွေဖြစ်နေတယ်။ ဒါပေမယ့် ကျွန်မအဲဒီမှာထိုင်ရင်း သူပြောသမျှ ခေါင်းညိမ့်လက်ခံနေမိတယ်။ ကျွန်မရဲ့ စိတ်စေရာကို ကျွန်မရဲ့ခန္ဓာကိုယ်က မနာခံဘူးဖြစ်နေတယ်။ ကျွန်မရူးနေပြီ။ ဟုတ်တယ် ကျွန်မရူးနေပြီ။
“အရမ်းကောင်းတာပဲ... နင်မနေ့ ကငါပို့လိုက်တဲ့ message တွေရတယ်မဟုတ်လား”
ကျွန်မခေါင်းထပ်ညိမ့်လိုက်တယ်။ စကားဘယ်လိုပြောရမလဲဆိုတာ ကျွန်မမေ့သွားပြီလား မသိပါဘူး။
“အားလုံးဖတ်တာလား။ အဲဒီထဲမှာ လျှို့ ဝှက် message တစ်စောင်ပါတယ်။ နင်ဖော်နိုင်လား”
ကျွန်မခေါင်းရှုပ်သွားပြီ။ သူဘာတွေပြောနေတာလဲ။
“နင်...message တွေဖျက်ပစ်လိုက်တာလား”
ကျွန်မခေါင်းညိမ့်ပြလိုက်တယ်။ ဒီလိုမှမဟုတ်ရင် သူပို့တဲ့ message တွေကို ကျွန်မသိမ်းထားတယ်ဆိုတာ သူသိသွားမှာပေါ့။
“သြော် ... ရပါတယ်” သူပြောပြီး ဆက်စားနေတယ်။ “စာရေးဆရာ Dan Brown ရဲ့စာအုပ်တွေကို ဖတ်ကြည့်ဟ။ The Da Vinci Code၊ Deception Point နဲ့  Angels & Demons ဆိုတာမျိုးတွေပေါ့။ Digital Fortress ဆိုတဲ့စာအုပ်ကိုသေချာဖတ်။ အဲဒီစာအုပ်က လျှို့ ဝှက် ကုတ်တွေကို ဖော်တဲ့အကြောင်းရေးထားတဲ့ စာအုပ်လေ။ ” သူပြုံးတယ်။ ရုတ်တရက်ဆိုသလို အကျယ်ကြီးထရယ်တယ်။ “ဟား ဟား ဟား... ဘယ်လိုပဲဖြစ်ဖြစ်ပါ... ဒီစာအုပ်တွေဖတ်လည်း ကုတ်ကိုနင်ဖော်နိုင်မှာမဟုတ်ပါဘူး”
အဲဒါရယ်စရာလား။ ရယ်စရာဆိုလည်း တကယ်ရယ်ရတာမှမဟုတ်တာဘဲ။
~ ~ ~ ~ ~ ~
“လျှို့ ဝှက်စာ ဟုတ်လား” လန်ဒီက message တွေကိုဖတ်ရင်း ပြောတယ်။ “သူ စာအုပ်တွေများ အဖတ်လွန်သွားတာလား”
သူ့ ရဲ့ message တွေအားလုံးကို စာရွက်ပေါ်မှာ ချရေးလိုက်တယ်။ အားလုံးက ပုံမှန်ထက်ထူးခြားတာမရှိပါဘူး။ “သူ သက်သက် ဟာသလုပ်ပစ်တာဖြစ်နိုင်တယ်။ “သူကအမြဲတမ်း အဲလိုပဲ။ ဒါပေမယ့် ဒီတစ်ခါ သူ့ ဟာသကရယ်မှမရယ်ရတာ။”
“ဟုတ်တယ်...ဒါကြောင့်လည်း နင်သူ့ ကိုကြိုက်တာထင်တယ်”
လန်ဒီ့စကားကို မသိချင်ယောင်ဆောင်ပြီး message တွေအားလုံးကို တစ်ခေါက်ပြန်ဖတ်လိုက်တယ်။
သူ့ message တွေ က...
I’m sorrie if I say anything wrong… u will still come for the appointment, won’t u? Let me fetch you on that day, okie? Only you can help yourself. come on, reply a yes…Vent your thoughts to others please… it’s the only way out. Ease your illusions! let me help…You’ve gotta go for it! Only you… yourself can help yourself… Understanding yourself is most important…
လျှို့ ဝှက် messages ဟုတ်လား။ ရှုပ်နေတာပဲ... ဒါပေမယ့် တစ်နာရီလောက်ကြာအောင် message တွေအားလုံးကို ဖတ်ပြီးရင်း ပြန်ဖတ်နေမိတယ်။ သဲလွန်စနည်းနည်းမှမရပါဘူး။ ကျွန်မနဲ့ စကားစပြောချင်တယ်ဆိုရင်လည်း message တွေထဲမှာ လျှို့ ဝှက် ကုတ်ပါတယ်လို့ ပြောတာထက် ပိုကောင်းတဲ့ စိတ်ကူးမျိုး သူရှာသင့်တာပေါ့။ ဒါမျိုးတွေက ရိုးနေပြီ။
~ ~ ~ ~ ~ ~
မူရင်း -
I Believe You by LOW KAY HWA
အော်ဒီ ကားကြီးစီးပြီး သိပ်အော်မနေနဲ့ အူးးးး ဟိဟိ
သူငယ်ချင်း နှင်း
း) Happy Birthday :) My lovely friend.
သူငယ်ချင်း မူသေ
Happy Birthday fri...
ဒီနှစ်မွေးနေ့ က ပိုပျော်ပါတယ်။
မနက်ဖြန် ရန်ကုန်ပြန်မယ်။
အမေ့ကို အားရပါးရ ကန်တော့ခွင့်ရတော့မယ်။
မောင်နှမတွေနဲ့ အစွမ်းကုန်ပျော်ခွင့်ရတော့မယ်။
မွေးနေ့ နဲ့ တိုက်ပြီး ရန်ကုန်ပြန်ဖို့ ကြိုးစားပေမယ့် အကြောင်းကြောင်းကြောင့် တစ်ရက်နောက်ကျသွားတယ်။
မနှစ်ကမွေးနေ့ မှာ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း မွေးနေ့ ဆုတောင်းပေးနေရလောက်အောင် တိတ်ဆိတ်လွန်းခဲ့လို့ မျက်ရည်တောင်လည်မိတယ်။ ဒီနှစ်တော့ သူငယ်ချင်းအရင်းခေါက်ခေါက်တွေရော... အဖျားခေါက်ခေါက်တွေကော... အလယ်သားလေးတွေကေား) အားလုံးရဲ့ဆုတောင်းသံတွေ....။
ဘလော့ဂ်ဂါ မောင်နှမ၊ သူငယ်ချင်းတွေရဲ့ ဆုတောင်းသံတွေ...။
အရမ်းကို ပျော်ပါတယ်။