ဒီည
...
ထူးအိမ်သင်ရဲ့ ကြယ်တွေစုံတဲ့ည
အယ်လွန်းဝါရဲ့ အလွမ်းရဲ့ည
ချစ်ကောင်း ရဲ့ သတ်ပုံမှားတဲ့ည
ဇော်ဝင်းထွဋ်ရဲ့ ဆေးပေါင်းခတဲ့ည
ခရီးသွားငါးယောက်ရဲ့ မိုးည
မျိုးကြီးရဲ့ အပြာရောင်ည
မိုးမိုးရဲ့ မင်းဖုန်းပိတ်ထားတဲ့ည
နာဂစ်မုန်တိုင်း ဝင်မွှေသွားတဲ့ည
ဆင်ဒရဲလား ဖိနပ်ကျွတ်ခဲ့တဲ့ည
မင်းခိုက်စိုးစန် ရဲ့ ချောင်းကြည့်တတ်သူ တစ်ယောက်ရဲ့ည
နီကိုရဲ ရဲ့ သံစုံကြူးတဲ့ည
မနက်ဖြန်တွေကို မျှော်လင့်ချက်တွေနဲ့ မျှားနေမိတဲ့ညကတော့ သဇင့် ရဲ့ ည ပေါ့ ...

8 comments:
လေးဖြူရဲ့ လပြည့်ည
လင်းနစ်ရဲ့ ဒီဇင်ဘာည
စိုးစန္ဒာထွန်းရဲ့ မောင့်အချစ်မြှားစူး (အယ် ဘာမှလည်း မဆိုင်ဘူး :P )
ဒါဆိုလည်း ငါကတော့
ပိုးအိစံရဲ့ မဏိစန္ဒာ ပဲ :P
မျှော်နေတဲ့ ညတွေ အမြန်ရောက်ပါစေကွာ ..း)
မနက်မိုးအမြန်လင်းပါစေ။
ဒီည
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ည
အိပ်မက် မမက်တဲ့ည
စိတ်ကြည်ကြည်လင်လင်ဖြစ်နေတဲ့ ည
မီးပျက်တဲ့ည... :p
မီးပျက်တဲ့ညမှ အမေ့အိမ်မှာ အိပ်ရတဲ့ည ဆိုတာ ပိုသေချာမှာကိုး.. :)
အံမယ် ငါ့ညီမ တိုးတက်လာတယ်...ညပေါင်းကို စုံနေပါရောလား...တန်ဆောင်တိုင်ညရောက်ရင်တော့ အစ်ကို့ဘလော့ကို ခြံခတ်ထားမယ် ခွေးလေးတွေ ပါသွားမှာစိုးလို့ . . .
ညလေးတစ်ည ကြယ်ရောင်တွေ လင်းနေ
ဟို..အဝေးကြီး ကိုယ်စိတ်ကူးကြည့်တော့
ကမ္ဘာကြီးရဲ့ ရင်ခုန်သံကြားမှာ...ဆိုသလို ဖြစ်သွားတာပေါ့.....နော...း-)
ပျော်ပါစေ ဘော်ဒါရေ
နောက် တစ်ည ကျန်သေးတယ်..
လိုင်းမကောင်းလို့ အင်တာနက် ပြတ်တဲ့ည...
း)
အိပ်လို့မပျော်တဲ့ ည တစ်ည မှာ ဒီည ကဗျာလေးကို အားပေးသွားပါတယ်...။
သဉ္ဇာရဲ့ blog လေးကို လာအားပေးသွားတာကိုလဲ ကျေးဇူးတင်ပါတယ်ရှင်။ သဉ္ဇာ့ post လေးထဲက ခံစားချက်တူတာ ရှိခဲ့ရင် အဆင်ပြေသလိုယူသုံးပါလို့( စီဗုံးမတွေ့လို့ ဒီမှာအော်သွားခဲ့တာကို ခွင့်လွှတ်ပါနော် :D )
Post a Comment