တခါတလေမှာ စိတ်ဓါတ်ကျတဲ့အတွေးတွေ ဖြစ်တတ်တယ်။
လူတိုင်း ဖြစ်တတ်တယ်။
စိတ်ရှုပ်စေတဲ့ အတွေးတွေတွေးမိတတ်တယ်၊
ဒါပေမယ့် ဘယ်တော့မှမယိုင်နဲ့။
စိတ်ဓါတ်တွေတည်ငြိမ်ပြီ၊ အေးဆေးဖြစ်ပြီဆိုမှစဉ်းစား။
လူတစ်ယောက်မှာ စိတ်ဓါတ်ေ၀၀ါးခြင်း၊ထွေပြားခြင်း ဖြစ်တတ်ပါတယ်။
လူတစ်ယောက်မှာမျှော်လင့်ချက်မဲ့ခြင်း ရှင်သန်ခြင်းရှိတတ်ပါတယ်၊
ဘာပဲဖြစ်ဖြစ်အဲဒီလူကို အဲဒီလူရဲ့စိတ်ကပဲအစိုးရပါတယ်။
မာကျောခြင်းပျော့ညံ့ခြင်းဟာ အဲဒီလူရဲ့စိတ်ကပဲ သဘောဆောင်ပါတယ်။
ယုံကြည်ချင်းမယုံကြည်ချင်းကို စိတ်အပေါ်မှာနှိုင်းယှဉ်အခြေပြုထားပါတယ်။
ဘ၀မှာ ကိုယ့်ကိုယ်ကိုဖြေသိမ့်နိုင်မှုက အရေးအကြီးပါတယ်
စိတ်ဆင်းရဲနေတယ် ကိုယ့်ဘာသာပဲဖြေနိုင်တယ်
စိတ်ချမ်းသာတယ် ကိုယ့်ဘာသာပဲဖြေနိုင်တယ်
အဲလိုဖြေနိုင်ရင် အလွန်ကြီးဖြစ်မသွားဘူး။
ပြီးတော့လည်းပြီးသွားမှာပါ မင်းသိပ်ပျော်မနေနဲ့
စိတ်ညစ်တော့လည်း မင်းစိတ်ညစ်မနေနဲ့
စိတ်ရှုပ်စရာတွေဆိုတာ ပြီးတော့လည်းပြီးသွားမှာပဲ
အဓိက ကိုယ့်စိတ်ကို ကိုယ်ကသိဖို့လိုတယ်။
ယောနိသော မနသိကာရ အသင့်အတင့်နဲ့ နှလုံးသွင်းတတ်ဖို့လိုပါတယ်တဲ့
ပြီးတော့လည်းပြီးသွားမှာပါ မင်းစိတ်မပူနဲ့ ၊
ပြီးတော့လည်းပြီးသွားမှာပါ မင်းသိပ်ပျော်မနေနဲ့အုံး။
ဒါတွေက သတိပေးအသိပေးနှလုံသွင်းတာပါ
ပြီးတော့လည်းပြီးသွားမှာပါပဲဆိုပြီး ပေါ့ပေါ့ဆဆသဘောမဟုတ်ဘူးနော်။
စိတ်နဲ့အလုပ်လုပ်ရတာလေ
စိတ်ပိုင်းဆိုင်ရာမာကျောမှုရှိအောင် စိတ်ပိုင်းဆိုင်ရာကျန်းမာအောင်
အခုကတည်းကကျင့်ထားမှ ကြိုတင်ပြင်ဆင်ထားကာမှ၊
နောင်အသက်ကြီးရင် ကျန်းမာရေးကောင်းကောင်းနေနိုင်မှာ
ရေရှည်မှာပြသနာတွေ အခက်အခဲတွေကို တောင့်ခံနိုင်တဲ့ စိတ်ဓါတ်မာကျောမှုလိုတယ်ပါတယ်။
ဘာတွေ တွေးမိလည်း
တွေးနေတာတွေကို ဝေဖန်ပိုင်းခြားလေ
စိုးရိမ်ပူပန်တာနဲ့ ဖြစ်နိုင်တာက
တခါတလေ လွဲနေတတ်တာမျိုးလေ။
မဖြစ်လာသေးတဲ့ ကိစ္စတွေကို အဓိပ္ပါယ်မရှိ ကြိုတွေးပူနေမယ်ဆိုရင်
တကယ်တမ်းဖြစ်မလာတဲ့အခါ အကြောင်းမဲ့သက်သက် ပူလောင်ရပါတယ်။
ကြိုတင်ပြင်ဆင်စရာရှိတာ ပြင်ဆင်ပေါ့၊ မဆိုင်တာတွေ တွေးမပူပါနဲ့ ။
ဥပမာ - တောင်းတစ်ခုထဲကို အရသာရှိတဲ့ သစ်သီးတွေထည့်ချင်တယ်
ဒါပေမယ့် အဲဒီတောင်းထဲ အမှိုက်တွေပြည့်နေတယ်
အဲဒီတော့ အမှိုက်တွေ အရင်သွန်မှရမယ်
မဟုတ်ရင် ဘယ်လောက်ကောင်းတဲ့ သစ်သီးတွေထည့်ထည့် ပုပ်မှာပဲ
စိတ်ထဲကို ရောက်နေတဲ့ အမှိုက်ရှုပ်တွေကို အရင်ရှင်းထုတ်လိုက်ပါဦး။
အဆင်မပြေဘူးထင်နေလား ဒီလိုလေးတွေးကြည့်ပါနော်။
မိဘစိတ်ချမ်းသာအောင်ထားခဲ့တယ်
စိတ်မဆင်းရဲစေခဲ့ဘူး
ဒါဆိုရင်..
အနာဂတ်တွေက ဘယ်တော့မှဆိုးဝါးမှမဟုတ်ဘူး
အဲဒါကိုယုံကြည်ထား
မိဘတွေကို ကျွေးမွေးပြုစုတဲ့သားသမီးတွေပဲ
ကြိုးစားနေတဲ့လူတစ်ယောက်အတွက် နည်းလမ်းတွေအများကြီးရှိပါတယ်
ပြင်းပြတဲ့ စိတ်ဆန္ဒသာရှိရင် နည်းလမ်းတွေ့ မှာပေါ့
တစ်ခုတော့ရှိတယ် နည်းမှန်လမ်းမှန်မှပဲ ခရီးမှန်ရောက်မယ်
စိတ်ခံစားမှုလွန်ရင် အသိဥာဏ်ပိုင်းမှာအားနည်းသွားတယ်
စိတ်တည်ငြိမ်အောင် စာအုပ်တွေကဆုံးမတာလဲ ခံယူပါ
ဒါမှသာလျှင်ကိုယ်အပြင်မှာ ကြုံရတွေ့ရတဲ့အခါ
စာထဲမှာတွေ့ဖူးပြီးသားမို့ ခံနိုင်ရည်ရှိလိမ့်မယ်
မောင်လေးတွေ၊ ညီမလေးတွေကို သွန်သင်ဆုံးမဖို့ရှိတယ်
လူကြီးမိဘတွေကို နှစ်သိမ့်အားပေးဖို့တွေရှိတယ်
အိမ်ထောင်တစ်ခုကို ထိန်းသိမ်းဖို့ရှိတယ်
သားသမီးတွေလည်းရှိလာမယ်
ကိုယ့်ကိုယ်ကို ကိုယ်ရည်သွေးနိုင်
ထူးချွန်ထက်မြက်နိုင်မှ ရပါလိမ့်မယ်။
ငွေကြေးချမ်းသာမှုမလို ဂုဏ်ပကာသနတွေမလို
ရိုးသားမှုနဲ့ ကိုယ်ကျင့်တရားကိုပဲ အလိုရှိပါတယ်။
အဲလိုစိတ်ကို ထားလိုက်တဲ့အခါ ငြိမ်းချမ်းပါမယ်။
ဆရာတော်ဦးဇောတိက တရားတော်ထဲမှာ
လူတိုင်းမှားမှာပဲ ကိုယ်လည်းမှားမှာပဲ
နောက်လည်း မှားချင်မှားဦးမှာပဲ
အဓိကက ဘယ်သူမှားတယ် မှန်တယ် ဘာမှ အဖြေမရှာနဲ့ ဦး
ကိုယ့်ကို ငြိမ်းချမ်းအောင်အရင်ထား
ကိုယ့်စိတ်ငြိမ်းချမ်းမှ နောက်ထပ် ပြသနာတွေမဖြစ်တော့မှာ
လက်ရှိပြသနာကို ဘာမှ မသုံးသပ်နဲ့ ဦး။
ခွင့်လွှတ်နိုင်ရမယ်နော်
ခွင့်လွှတ်တယ်ဆိုတာ
သူများကိုရော ကိုယ့်ကိုကိုယ်ရောနော်
ပြီးတော့ ခွင့်လွှတ်တယ်ဆိုတာ မေ့ပစ်တာမဟုတ်ဘူး
တမြေ့မြေ့ ခံစားနေရတာကို
လျော့ပစ်လိုက်ရတာ အဲဒါကို ခွင့်လွှတ်တယ်ခေါ်တာ။
ပြသနာဖြေရှင်းပြီဆိုရင်
အကောင်းဆုံးလမ်းလည်းဖြစ်ရမယ်
ထိခိုက်မှုအနည်းဆုံးလမ်းလည်းဖြစ်ရမယ်
အဲဒီလမ်းကို ရွေးရမယ်။
လူတွေနဲ့ ဆက်ဆံတဲ့အခါ
ကိုယ်နဲ့ အကြိုက်မတူတာနဲ့ ပဲ သူဟာ ကိုယ့်ရဲ့ဆန့် ကျန်ဘက်မဟုတ်ဘူး။
တစ်ယောက်ကို တစ်ယောက် ပြုပြင်ဖို့ အချိန်ပေးရမယ်။
အခုအချိန်မှာ ကိုယ်မကြိုက်တဲ့အချက်တွေ၊ အားနည်းချက်တွေ တပုံကြီးရှိနေဦးမှာပါပဲ။
တစ်ယောက်ကိုတစ်ယောက်ငဲ့ညှာရင်း နားလည်ရင်း ပြုပြင်သွားမယ်ဆိုတဲ့ စိတ်ဓါတ်သာရှိမယ်ဆိုရင်
အဆင်ပြေမယ်လို့  ယုံကြည်ပါတယ်။
+++++
လူတစ်ယောက်နဲ့ စကားတွေအများကြီးပြောခဲ့ပါတယ်။
အဲဒီလူရဲ့ စကားတွေထဲက ကောက်နှုတ်ထားတဲ့ အသံလေးတွေကို ဘလော့ပို့ စ်အနေနဲ့ အမှတ်တရ တင်လိုက်တာဖြစ်ပါတယ်။
အထိမ်းအမှတ်ကတော့ ဒီနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ဟာ အဲဒီလူရဲ့ မွေးနေ့ ပါ။
ပျော်ရွှင်ဖွယ်မွေးနေ့ ပေါင်းများစွာကို ဖြတ်သန်းနိုင်ပါစေ။
အေးချမ်းအောင်မြင်တဲ့ ဘဝတစ်ခုကို အသိဥာဏ်ပညာဖြင့်တည်ဆောက်နိုင်ပါစေ။
ထမ်းဆောင်သင့်သော ဘဝတာဝန်၊ မစွန့် လွှတ်နိုင်သော ဝါသနာတွေကိုလည်း ပြီးဆုံးအောင်မြင်အောင် လုပ်နိုင်ပါစေ။

11 comments:
သဇင်..
ကျေးဇူးအများကြီး
တင်ပါတယ်..
ဖတ်ပြီး မှတ်သွားတယ်ကွ ..း))
နိုဝင်ဘာ ၁၉ ရက်မွေးနေ့ပိုင်ရှင်ကိုလဲ ဟက်ပီး ဘတ်ဒေးပါ လို့း)
မှတ်သားစရာတွေ ကို
မှတ်ထားလိုက်ပါတယ်
ပျော်ပါစေ ဘော်ဒါရေ
*.*.*
လူနဲ့ စကားနဲ့ သိပ်မတွဲမိဘူး ဖြစ်နေတယ်။ :P
Happy Birthday sweety song song!
Sar tway ka lannnn tal kwar.
ထောက်ခံပါတယ်..
အဓိက ကတော့ ကိုယ့် စိတ်ပဲ ဆိုပေမဲ့ 
အဲ့ ဒီ စိတ်ပဲ ဖမ်းရ ၊ ထိန်းရ ခက် ခက် နေတာလေ ။
အများနဲ့ မျှတအောင် နေဘို့ က ကိုယ့် ကိုယ်ကို
အရင်မျှတ နေအောင်နေတတ်ဖို့  အရင်လေ့ ကျင့် ရပါမယ်
ဆိုတာ ဒီပို့ (စ) လေးဖတ်ပြီး အတွေး ရမိပါတယ် လို့  ။
Noted well. Tnx so much for sharing... :)
တိုက်ပွဲတွေဖြစ်နေလို့ ပြေးနေလွှားနေရတာနဲ့ မရောက်ဖြစ်တာ ကြာသွားတယ် ညီမရေ...စိတ်ညစ်နေတုန်းမှာ ညီမရဲ့ပို့စ်ကို ဖတ်ပြီး အားအင်သစ်တွေ မွေးသွားပါတယ်...ညီမ အောင်မြင်ပျော်ရွှင်ပါစေ..
အင်း စိန် ပြောသလိုပဲ....း)
မမ
I've already noted them, but, I wonder if I can remember all these words. Happy Birthday to some1 who was born on Nov 19. :)
Post a Comment