/* ----- tynt --- */

Saturday, February 12, 2011

ဘာသာပြန်

ဘာသာပြန် - ဗဒင်
တိမ်စိုင်တွေရယ် မြူတွေရယ်
နှင်းထုရယ် မနက်ခင်းရယ်
သဲသဲကွဲကွဲ မရှိတဲ့ ပုံရိပ်များရယ်

လိမ္မော်ရာသီ တောင်ပေါ်မှာ
လမ်းကျဉ်းငယ်ကလေးထဲ လျှောက်ရသလို
အကြင်နာလမ်းဟာ ရီေ၀၀ါးနေတယ်

မရေရာဘူး... အမူအရာတွေများစွာ
ဘာသာပြန်ကြည့်လည်း
အတွေးများဟာ အမြဲတမ်းေ၀၀ါးနေတယ်
သေချာတာတစ်ခုက
ကြည်ဖြူစွာနဲ့  တို့ ကချစ်တယ် ဒါပါပဲ
...
အချစ်လမ်းကလေးထဲ လျှောက်နေရဦးမယ်

ရေတံခွန်ရယ် အော်မြည်ကာ
ပြင်းပြစွာ ရိုက်ခတ်စဉ်
လျှို့ ဝှက်ချက်နဲ့ ပြည့်တဲ့ ရေထွက်ရာ

ရေဆန်ကိုလှန် ရှာဖွေစဉ်
ချောင်းဖျားခံ အစပြုစီးဆင်းရာ
နေရာမျိုးဟာ အကြင်နာစတင်ရာ

ညိုမျက်ဝန်း...လို အခြေအနေတိုင်းကို
ဆင်ခြင်လိုက်တိုင်းမှာ
မေးခွန်းတွေအပြည်နဲ့  ဒွိဟတွေရယ်
ကြင်နာသူအကြည့်တွေ
ဘာသာပြန်ဖို့ အခုထက်ထိတိုင် မလွယ်ကူတော့
...
အချစ်လမ်းနဘေးက အလွမ်းရွာရောက်ခဲ့ပြီ

ရောက်ရှိခဲ့တဲ့ အလွမ်းရွာမှာ ...
ဆွေးဆွေးမြည့်မြည့် ကိုယ့်အိမ်ရယ်
ခြောက်ခြောက်ကပ်ကပ် နေ့ တွေအလယ်
ဆုံးခြင်းမဲ့တဲ့ ဘာသာပြန်ရယ်
ကိုယ် ... မငိုချင်ဘူးကွယ်

.....

ရေတံခွန်ရယ် အော်မြည်ကာ
ပြင်းပြစွာ ရိုက်ခတ်စဉ်
လျှို့ ဝှက်ချက်နဲ့ ပြည့်တဲ့ ရေထွက်ရာ

ရေဆန်ကိုလှန် ရှာဖွေစဉ်
ချောင်းဖျားခံ အစပြုစီးဆင်းရာ
နေရာမျိုးဟာ အကြင်နာစတင်ရာ

ညိုမျက်ဝန်း...လို အခြေအနေတိုင်းကို
ဆင်ခြင်လိုက်တိုင်းမှာ
မေးခွန်းတွေအပြည်နဲ့  ဒွိဟတွေရယ်
ကြင်နာသူအကြည့်တွေ
ဘာသာပြန်ဖို့ အခုထက်ထိတိုင် မလွယ်ကူတော့...
အချစ်လမ်းနဘေးက အလွမ်းရွာရောက်ခဲ့တယ်

ရောက်ရှိခဲ့တဲ့ အလွမ်းရွာမှာ ...
ဆွေးဆွေးမြည့်မြည့် ကိုယ့်အိမ်ရယ်
ခြောက်ခြောက်ကပ်ကပ် နေ့ တွေအလယ်
ဆုံးခြင်းမဲ့တဲ့ ဘာသာပြန်ရယ်
ကိုယ် ... မငိုချင်ဘူးကွယ်

4 comments:

ahphyulay said...

အင်း...
ဘာသာပြန်ဘို့ က ကိုယ်ဘယ်လို ခံစားမိတယ်၊
ကိုယ့် ရင်ကိုဘယ်လိုထိခိုက်လာတယ်ဆိုတဲ့ အပေါ် မှာ
မူတည်ပြီး ပြန်လိုက်တဲ့  အနက်အဓိပ၌ါယ်တွေ ကွဲပြား
ခြားနားသွားတတ်ကြတယ်လို့ မြင်ပါတယ်။

Crystal said...

မငိုနဲ့ ပျော်ရွှင်ပါစေ။

ဟန်ကြည် said...

ပင်ကိုရေးလေးတွေ မဖတ်ရတာကြာပြီညီမရေ...အားပေးပါရစေဦး...

ချမ်းလင်းနေ said...

ဗဒင်သီချင်းစာသားတွေမှာ ဘာသာပြန်က လွမ်းမောဖို့ကောင်းတယ်ဗျာ။