/* ----- tynt --- */

Friday, March 4, 2011

Ways To Improve (1)


(၁) နေ့ စဉ်စာဖတ်ပါ


စာအုပ်တွေဟာ ပညာစုဆောင်းရာ အရင်းအမြစ်ပါပဲ။ သင်နှစ်သက်ရာ စာကောင်းပေကောင်း တစ်ခုခုကို နေ့ စဉ်ဖတ်နေပါ။ အသိပညာတွေ မလေ့လာ မမှတ်သားနိုင်ခဲ့ရင်တောင်မှ စာဖတ်နေချိန်မှာ သင့်စိတ်အာရုံ ပျံ့ လွင့်မှု နည်းပါးနေပါလိမ့်မယ်။


(၂) ဘာသာစကား အသစ်တစ်ခု သင်ယူပါ

မိခင်ဘာသာရပ် မဟုတ်တဲ့ အင်္ဂလိပ်၊ တရုတ်၊ ဂျပန် အစရှိတဲ့ နှစ်သက်ရာ ဘာသာစကားတွေ သင်ယူကြည့်ပါ။ ဘာသာစကားတွေ တတ်လာတာနဲ့ အမျှ အဲ့ဒီဘာသာစကားတွေရဲ့ နောက်ကွယ်က ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာတွေ၊ အနုပညာတွေ စတဲ့တခြားအရာတွေပါ လေ့လာပြီးသားဖြစ်သွားပါလိမ့်မယ်။


(၃) ၀ါသနာအသစ်တစ်ခု မွေးမြူကြည့်ပါ

ကိုယ်ဝါသနာပါတာကို လုပ်နေရင်း ငြီးငွေ့ လာတဲ့အခါ နောက်ထပ် စိတ်ဝင်စားမယ့် ၀ါသနာအသစ် တစ်ခုခုကို လုပ်ကြည့်ပါ။ အသစ်တစ်ခုခုကို လုပ်ရတိုင်း စိတ်ဓါတ်အင်အား၊ ကိုယ်ကာယအင်အား တွေကို တိုးပွားစေမယ့်အပြင် အပြောင်းအလဲနဲ့  သစ်လွင်တဲ့ စိတ်ခံစားချက်ကိုပါ တပြိုင်တည်းရစေပါမယ်။


(၄) သင်တန်းတစ်ခုတက်ပါ

သင်တန်းကနေ အသိပညာတွေ၊ လုပ်ရည်ကိုင်ရည် စွမ်းရည်တွေရလာပါမယ်။ အုပ်စုဖွဲ့ ဆွေးနွေးမှုတွေ၊ အလုပ်ရုံဆွေးနွေးမှုတွေရှိရင် ပါဝင်ခြင်းအားဖြင့် ကိုယ်နေထိုင်ရာ၊ ပါတ်သတ်ရာ အသိုင်းအ၀ိုင်းကို ချဲ့ ထွင်လာနိုင်ပါမယ်။

(၅) နေရာတစ်ခု ရှာထားပါ

စိတ်ညစ်တဲ့အခါ၊ စိတ်ပျက်တဲ့အခါ တခါတလေမှာ ထွက်ပေါက်အနေနဲ့  သွားချင်၊ နားချင်မယ့် နေရာလေးရှာထားပါ။ မြစ်ကမ်းဘေး၊ မြက်ခင်းစိမ်းရှိတဲ့ ပန်းခြံ ဒါမှမဟုတ် လူခြေတိတ်တဲ့ နေရာက ကော်ဖီဆိုင်လေးမှာ ဖြစ်ဖြစ် ရှုပ်ထွေးနေတဲ့ နေ့ စဉ်လူနေမှု ဘ၀ကနေ ခဏတာ ပုန်းအောင်းပြီး ကိုယ့်ကိုကိုယ် အင်အားပြန်ဖြည့်လို့ ရမယ့် နေရာလေးရှာထားပါ။


(၆) ကြောက်ရွံ့ မှုကို တွန်းဖယ်ပါ

မသေချာမရေရာမှုတွေကို တွေးကြောက်နေတာ၊ လူတွေကို စကားပြောရမှာကြောက်နေတာ၊ စွန့် စားရမှာကို ကြောက်နေတာတွေကို ဖယ်ရှားပစ်လိုက်ပါ။ အဲ့ဒီပူပန်ကြောက်ရွံ့ မှုတွေက ကိုယ့်ကို လက်ရှိအခြေအနေကနေ တိုးတက်မှုကို နှောင့်နှေးစေမယ့် အတားအဆီးတွေဆိုတာကိုသိလိုက်ပါ။


(၇) မိမိအရည်အချင်းကို အဆင့်မြှင့်တင်ပါ (Level မြှင့်ပါ)

ဂိမ်းကစားဖူးတဲ့ လူတွေဆိုရင် Level အဆင့် တစ်ဆင့်တက်သွားတဲ့ အဓိပ္ပါယ်ကိုသိပါလိမ့်မယ်။ အဆင့်တစ်ဆင့် တက်သွားတာနဲ့ အမျှ ကိုယ်သိတာတွေ ပိုများလာမယ်။ ကိုယ်လုပ်ရမယ့်၊ ကိုယ်လုပ်ခဲ့တဲ့ အလုပ်အပေါ် ပိုပြီးကျွမ်းကျင်လာတယ်။ စိတ်ဓါတ်အင်အား ပိုတိုးလာမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရလာပါမယ်။

(၈) မနက်စောစောထပါ

အိပ်မက်မက်နေသူ အဖို့ ညတာရှည်ပေမယ့် သူ့ အိပ်မက်တွေကို အကောင်အထည်ဖော်နေတဲ့ လူအတွက်တော့ နေ့ တာပိုရှည်ရပါမယ်။ ပုံမှန်ထက် အနည်းဆုံး ၁ နာရီ စောထမယ်ဆိုရင် တစ်နေ့ တာ လုပ်ရမယ့် အလုပ်တွေအတွက် အချိန်ပိုရမှာဖြစ်သလို ထပ်တိုးလုပ်နိုင်မယ်ဆိုရင်လည်း လုပ်နေကျအလုပ်ထက် ပိုပြီးလုပ်နိုင်ဖို့ အခွင့်အရေးရသွားပါမယ်။


(၉) အပါတ်စဉ် အားကစား တစ်ခုလုပ်ပါ

အားကစားလုပ်ခြင်းဖြင့် သေချာတာတော့ ကိုယ်ကာယ ကျန်းမာဖွံ့ ဖြိုးလာမယ်။ သက်လုံကောင်းလာတဲ့အတွက် အသက်အရွယ်ကြီးတဲ့အခါ ဖြစ်ပေါ်လာမယ့် ရောဂါတွေကို ကြိုတင်ကာကွယ်ပြီးသားပဲ ဖြစ်သွားပါမယ်။


(၁၀) လက်စွဲစာအုပ်တစ်အုပ်ထားပါ

အဲ့ဒီစာအုပ်မှာ ကိုယ့်ဘ၀ကို ဘယ်လိုနေထိုင်မယ်ဆိုတာတွေ၊ ကိုယ့်ရဲ့ရည်မှန်းချက် ပန်းတိုင်တွေ၊ ကိုယ်လျှောက်ရမယ့်လမ်းတွေ၊ ကိုယ်တန်ဖိုးထား မြတ်နိုးတဲ့အရာတွေကို ချရေးကြည့်ပါ။


(၁၁) အနာဂါတ်အတွက် အစီအစဉ်တစ်ခုဆွဲကြည့်ပါ

နောက် ၅ နှစ်ကြာပြီးနောက် ကိုယ်ဘယ်လိုဖြစ်နေချင်တာလဲ။ ဒီအတိုင်း မပြောင်းလဲဘဲ ရှိနေချင်လား။ ဒါမှမဟုတ် ပြောင်းလဲချင်တာလား။ ဘာတွေပြောင်းလဲချင်တာလဲ၊ ကိုယ် ဘယ်လိုလူမျိုးဖြစ်ချင်တာလဲဆိုတာ တိတိကျကျ အစီအစဉ်ဆွဲကြည့်ပါ။ လိုအပ်ရင် ပြက္ခဒိန်မှာ မှတ်သားထားပါ။ ဒီ့နောက်မှာတော့ ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ပုံစံဖြစ်ဖို့  ကိုယ်တိုင်ဖန်တီးလေ့ကျင့် ပျိုးထောင်ပါ။


(၁၂) နေသာသလို မနေပါနဲ့ 

အဆင်ပြေနေတယ်ဆိုရင် အဆင်ပြေတဲ့အတိုင်းလေးပဲ နေသာသလို မနေပါနဲ့ တော့။ ချွေးထွက်များမှ သွေးထွက်နည်းမယ်ဆိုတာ မမေ့ပါနဲ့ ။ သက်တောင့်သက်သာ အလိုက်သင့်ရလာတဲ့ အောင်မြင်မှုဆိုတာ လောကကြီးမှာ လုံးဝမရှိပါဘူး။ ဖြစ်ရိုးဖြစ်စဉ်ကနေ ခွဲထွက်ပြီး လုပ်ဆောင်ဖို့ တွေးနေပါ။


(၁၃) စိမ်ခေါ်လိုက်ပါ

ယှဉ်ပြိုင်ခြင်းဟာ အကောင်းဆုံး တိုးတက်မှုတစ်ခုပါပဲ။ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့  ပန်းတိုင်တစ်ခုခု၊ ရည်ရွယ်ချက်တစ်ခုခုကို ဘယ်သူအရင်ရမလဲဆိုတာကနေ ဒီနေ့ ငါဟာ မနေ့ ကငါထက် ပိုသာရမယ်ဆိုတာမျိုးအထိ စိမ်ခေါ်ကြည့်လိုက်ပါ။


(၁၄) ဂရုမစိုက် အလေးမထားမိတဲ့ အရာတွေကို အလေးထားကြည့်ပါ

ကိုယ်ဖြတ်သန်းခဲ့တဲ့ အချိန်တိုင်းမှာ ကြုံလာသမျှကို အမှတ်တမဲ့ မနေပါနဲ့ ။ သတင်းစာပို့ တဲ့လူကို နှုတ်ဆက်လိုက်တာ၊ သန့် ရှင်းရေး ၀န်ထမ်းတွေနဲ့ စကားပြောတာ၊ အိမ်ရှေ့ မှာရှိတဲ့ အပင်က သစ်ရွက်တွေကြွေသွားလိုက်၊ ရွက်နုတွေဝေလာလိုက်၊ ပန်းတွေပွင့်လာလိုက်နဲ့  ဖြစ်နေတာက အစ သတိထားကြည့်ကြည့်တဲ့အခါ ကိုယ်ဟာ ပိုပြီးအသက်ဝင်လှုပ်ရှားလာပါလိမ့်မယ်။ ကိုယ့်ကိုကိုယ်လဲ ပိုပြီးသိလာပါလိမ့်မယ်။


**42 Practical Ways To Improve Yourself ကိုဘာသာပြန်ပါတယ်။

8 comments:

Anonymous said...

ကြိုက်တယ် .. ကြိုးစားနေပါတယ် ..း)

မိုးခါး

Anonymous said...

ကြိုက်တယ်။ အရမ်းကြိုက်တယ်။ သတိပေးတာ ကျေးဇူးတင်ပါတယ်။

အမည်မသိစာဆို
တီအန်တီ

Anonymous said...

ကျန်တဲ့အချက်လေးတွေစောင့်မျှော်လျက်ပါ..

noblemoe said...

ကောင်းတယ် ညီမလေး တကယ်တော့ဒါမျိုးတွေက ဒီနိုင်ငံကျောင်းတွေမှာ အဲ့လိုလေးတွေစီစဉ်ပေးပြီးသားတွေဖြစ်တာတွေ့ရတယ်နော်

သာယာချမ်းမြေ့ပါစေရှင်း
မိုး

ဟန်ကြည် said...

အားလုံးကောင်းတယ် လိုက်နာဖို့လည်း ကြိုးစားနေပါတယ်...မနက်စောစော ထခိုင်းတာကလွဲလို့ပေါ့...အားကစား လုပ်ဖို့ရယ်၊ မနက်စောစောထဖို့ရယ်ကတော့ တော်တော်ကို ခက်ခဲတဲ့ အရာတွေ ဖြစ်နေသေးတယ်...အားကစားကို မကြာမကြာပဲ လိုက်စားဖြစ်နေတာလည်း ပြင်ရဦးမယ်...ညဘက်ကို သန်းခေါင်ကျော်၊ တစ်နာရီ နှစ်နာရီလောက်မှ အိပ်ဖြစ်နေတော့ မနက် ၆နာရီခွဲလောက်တောင် တော်တော်ကြိုးစားပြီး ထနေရတာကို ပြင်ဖို့ကတော့ တော်တော်အချိန်ယူရမယ်ထင်ပါရဲ့ ညီမရေ...အားလုံး လိုက်နာနိုင်အောင် ကြိုးစားပါဦးမယ်...

မြင့်သန်းဆွေ said...

မမ၊

ဗမာစာနှင့် မရေးဘူးလား။ ကျမက မွန်စာတို့ ကရင်စာတို့ မတတ်လို့ပါ။

နေကောင်းပါစေ။

ကိုဇော် said...

ကျေးဇူးပါ။

Dream said...

ကောင်းတယ်။ ကြိုးစားပါမယ်။
ကျေးဇူးတင်ပါတယ်း)

အပိုင်း (၁) ဆိုတော့ အပိုင်း(၂) ကိုလည်း မျှော်နေမယ်။ လက်တို့လိုက်ဦးနော်... တီတီ...း))
အာဝါးးးးးးးးးးးးးးး