/* ----- tynt --- */

Monday, June 13, 2011

စာတိုပေစများ (၂)

(၁) လူဆိုတာ မသေခင်ပဲ ကိုယ့်သမိုင်းကိုယ်ရေးခွင့်ရှိတယ်။ သေသွားရင် ဆက်ရေးခွင့်မရှိတော့ဘူး။ သမိုင်းကို ပြောင်းလဲပြင်ဆင်ခွင့် မရှိတော့ဘူး။ အဆုံးစီရင်ပြီး၊ ဘဝကိုမျောပြီး ထွက်ပေါက်မရှာဘဲ၊ မင်းရဲ့ ဘဝကို ကြံ့ကြံ့ခံရင်ဆိုင်မှ မင်းရဲ့ အနာဂါတ်ကို မင်း လိုသလိုဖန်တီးလို့ ရမှာ။ မင်း ပြန်စဉ်းစားလိုက်ပါ။ မင်းရဲ့ပြဿနာတွေရယ်၊ တကယ့်ထွက်ပေါက် အစစ်အမှန်က ဘာတွေလဲဆိုတာ မင်း တစ်ညလောက်စဉ်းစားလိုက်ပါ။

(၂) အောင်မြင်မှုဆိုတာ ကြိုးစားခြင်းရဲ့ ရလဒ်မဟုတ်ဘူး။ အခက်အခဲကို ကျော်လွှားခြင်းရဲ့ ရလဒ်ဖြစ်တယ်။ မှန်ကန်တဲ့ပန်းတိုင်ကို နည်းလမ်းမှန်နဲ့  အချိန်ကိုက်လုပ်နိုင်မှ အောင်မြင်လိမ့်မယ်။

(၃) လေတံခွန်ဆိုတာ လေတိုက်နှုန်းအားကောင်းလာပြီး ခံနိုင်မှုမရှိရင်တော့ စုတ်ပြတ်သွားမယ်။ ဒါမှမဟုတ် ယိမ်းယိုင်သွားမယ်။ ဒါမှမဟုတ် ကြိုးပြတ်သွားမယ်။ လောကဓံတရားဆိုတာ ဘယ် သူမှ မလွတ်နိုင်ဘူး။ ဒါပေမယ့် ကြံ့ခိုင်မှုရှိရင်တော့ ကျော်လွှားနိုင်ပါတယ်။ မင်းရဲ့ လေတံခွန် ပျက်ဆီးဆုံးရှုံးမှာ စိုးလို့  လေပေါ်မဝဲဘဲ မြေပြင်မှာပဲထားမလား၊ မင်းရဲ့ ခံနိုင်ရည်အားကို တိုးသထက်တိုးအောင်လုပ်ပြီး အမြင့်ပျံဝဲနိုင်တဲ့ အခွင့်အရေးကို မင်းခံစားမလား ဆိုတာ မင်းရဲ့ ရွေးချယ်မှုပေါ်မှာ မူတည်တယ်။

+++++

စာအုပ်တွေထဲက၊ ရုပ်ရှင်တွေ သီချင်းတွေထဲက တစွန်းတစ ကြားလိုက်ရတဲ့ စကားလုံးတွေကို ကူးထားပြီး အတွေးဆင့်ပြီး ထပ်ရေးကြည့်ထားပါတယ်။

5 comments:

လရိပ်အိမ် said...

မှတ်သားစရာများကိုဖတ်သွားပါတယ်ဗျာ

SHWE ZIN U said...

သေပြီးမှ သမိုင်းကြောင်း ပြောင်းပြစ်ကြပြန်တယ် ဒါပေမဲ့ အမှန်တရားဟာ တချိန်ချိန်မှာ ပေါ်လာမှာပါနော်

chocothazin said...

အမရွှေစင်ဦးရေ.. သမိုင်းကြောင်းဆိုတာ ပြောင်းလို့ မရလောက်ဘူးထင်ပါတယ်။ သမိုင်းကြောင်းကို မြင်တဲ့ အပေါ်ယံအမြင်တွေကိုသာ ပြောင်းပြစ်လို့ ရနိုင်မယ်ထင်ပါတယ်။ သမိုင်းကတော့ သူ့ ဟာသူ ရှိနေမှာပါပဲ။

Calm Hill said...

တစ်ခါတစ်လေတော့လည်း ကိုယ့်သမိုင်းက ကိုယ်ရေးချင်သလို ရေးခွင့်မရပြန်ဘူး ဖန်တီးယူရင်လည်း ရချင်မှရတယ် မဖန်တီးပဲလည်း ရချင်ရပြန်တယ်။

Han Kyi said...

ညီမရေ...စာမလာ သတင်းမကြားနဲ့ အတော်တောင်ကြာပါပေါ့လား...အဆင်မှပြေရဲ့လားလို့ စိတ်ပူမိပါရဲ့...