မနေ့ညက အိပ်မက်မက်တယ်။ အိပ်မက်ဟာ အိပ်မက်ပါပဲ .. ဒါပေမယ့် အိပ်မက်ဆိုးလို့ နာမည်တပ်လိုက်တယ်။
ကွင်းပြောင်ကြီးတစ်ခု
မြက်တွေက ကွက်တိကွက်ကျား
ရွှံ့ ဗွက်တွေက နေရာအနှံ့ အပြား
စုတ်တီးစုတ်ဖတ် တဲထဲက လူတွေ
မျောက်လိုအော်ပြီးလှောင်ရယ်နေတယ်။
ဘောလုံးပွဲ ပွဲကြည့်စင်မှာလို
အဆင့်ဆင့်ထိုင်နေတဲ့ လူတွေက
ဘာတွေနဲ့ မှန်းမသိပေါက်တယ်
ခြေတလှမ်းအတိုးမှာ ထိတ်ခနဲ ဖြစ်သွားလို့ 
နောက်ပြန်အလှည့်
ညစ်ထေးညစ်ထပ် လူတွေက အရိုင်းတွေလို အော်တယ်။
ရှေ့ ပြန်လှည့်ပြီးခြေတလှမ်းပြန်အထိုး
လူတကိုယ်လုံး လေဟာနယ်ထဲရောက်သွားတယ်
အမေ့!
ရုတ်တရက်အော်သံနဲ့ အတူ လန့် နိုးလာတယ်။ အိပ်မက်ဟာ အိပ်မက်ပါပဲ။ အာရုဏ်တက်တော့မှာမို့  ညဥ့်ကမနက်တော့ဘူး။ ဒါပေမယ့်မှောင်နေတယ်။
ကြောက်အားလန့် အား ချွေးစေးတွေထွက်ပြီး နိုးလာရတာမို့  အိမ်မက်ဆိုး လို့ အမည်ပေးလိုက်ရတယ်။
+ + +
သဇင်
၂၇ ဇွန် ၂၀၁၁
+++++
မှတ်မှတ်ရရ အိပ်မက်နဲ့ ပါတ်သတ်လို့  - ဒီနေရာမှာ တစ်ခါရေးဖူးတယ်။

9 comments:
အင်း....
အိမ်မက် ဆိုလို့  မပျော်တစ်ဝက်နဲ့ 
အိပ်မိရင် အဲ့ ဒီအိမ်မက်တွေ မက်တတ်
တယ်လို့ ကြားဖူးပါတယ်။ အဲ.. တစ်ချို့ ကျ
တော့ လည်း အအိပ်လွန်ပြီး အိပ်မောကျ
သွားပြန်ရင်လည်း နယ်လွန်ပြီး ရောက်ချင်
ရာ ရောက်သွားတတ်တယ်လို့  ဆိုပြန်ရော..၊
ဟိုးအမြင့် ကြီးပေါ်ကနေ အောက်ကို ဝေ့ ဝဲ
ပြီး ပြုတ်ကျနေလိုက်တာ ရောက်ကို မရောက်
နိုင်တော့ ဘူးလေ..။
နောက်တစ်ခုက အဲ့ ဒီအိမ်မက်ကို တစ်ချို့ က
အိပ်မက် လို့  ရေးတာလည်းတွေ့ ဘူးတယ်။
ဒီပို့ (စ)လေးဖတ်ပြီး ကျွန်တော့် တိုက်ဆိုင်မှု
လေးပါပဲ ..။
ဟုတ်တယ် အဲလို အသဲအေးသွားတဲ့ အိမ်မက် တွေ ခဏခဏ မက်တတ်တယ် အိမ်မက်ဆိုး
အမှန်က အကြောင်းရှိတယ်။
တအားပင်ပန်းနေတာနဲ့ ဖျားမှာစိုးလို့ ဆေးသောက်ပြီး အိပ်ရာဝင်လိုက်တာ စောင်ကြီးခြုံထားတော့ ချွေးတွေထွက်၊ ဆေးအရှိန်နဲ့ ဆိုတော့ လူကကယောင်ကတမ်း ဖြစ်သွားတာ ထင်တာပဲ။
ဘာပဲဖြစ်ဖြစ် ပို့စ်တစ်ပုဒ်ရေးရတော့ ကောင်းတာပေါ့။
အိပ်မက်ကပြောင်းပြန်ယူရတယ်တဲ့။ ဒီလိုအိပ်မတ်တွေကတော့မက်တတ်ပါတယ် ခနခန
အိပ်မက်ဆိုတာကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြတာပါပဲ...ဘာပဲဖြစ်ဖြစ် အစွဲမထားတာပဲ ကောင်းမယ်ထင်တယ်...အိပ်မက်က ဘ၀ကို လွှမ်းမိုးမှု ရှိချင်ရှိနိုင်ပေမယ့် ကိုယ့်ရဲ့ယုံကြည်သက်ဝင်မှုနဲ့ ပိုပြီးဆိုင်ပါလိမ့်မယ်...အများအားဖြင့်တော့ မေ့ပစ်လိုက်တာပဲ ကောင်းပါလိမ့်မယ်...ပို့စ်တစ်ခုရတာတော့ ကောင်းတာပေါ့...
အိမ်မက်ဆိုး မက်ရဲ့ နေ့ရက်တွေ ကုန်လွန်ပါစေလို့ ဆန္ဒပြုရင်း ...
" မနေ့ညက အိပ်မက်ဆိုးတွေမက်တယ် ဒီနေ့ကျတော့ မျက်ခုံးများကလှုပ်တယ် ဆရာကြီးတွေ ဆရာလေးတွေ တွက်ချက်ပေးပါ " . . . မင်းမော်ကွန်း မြေပဲယိုသီချင်းပဲ အော်ဆိုလိုက်တော့မယ် သဇင်ရယ်း)))))))
လရိပ်အိမ် ... ပြောင်းပြန်ယူဆကြပေမယ့် ပြန်ပြောင်းမက်ပေးလို့ မရတာ အိပ်မက်ပါပဲ။
ကိုဟန်ကြည် ... ဟုတ်ကဲ့အကို။ အစွဲတော့မထားပါဘူး။ စာအသစ်မတင်ပေမယ့် လာလာအားပေးတာ ကျေးဇူးတင်ပါတယ်အကို။
အိန်ဂျယ်လှိုင်း ... ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ။
ဗညား ... နင်က သီချင်းလည်းဆိုတတ်တာကိုး။
အိပ်မက်ပဲအမေရယ် အိပ်ရင်မက်မှာပေါ့တဲ့..။ ဘုရားရှင်သာရှိရင် ဘာတွေအတိတ် ဘာအဓိပ္ပါယ်လဲဆိုတာ လျှောက်ကြည့်ရင် ကောင်းသား။ ကောသလမင်း တစ်ဆယ်ခြောက်ချက်လိုများ ဖြစ်နေေ၇ာ့မလား...။ ကောင်းသောအိပ်မက်တွေပဲ ဖြစ်ပါစေ..။
Post a Comment